ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း ပြုလုပ်ရန်လိုအပ်သည့် စီမံကိန်းအမျိုးအစား
ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း ပြုလုပ်ရန်လိုအပ်သည့်
စီမံကိန်းအမျိုးအစား
ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း
(Initial Environmental Examination-IEE)ဆိုသည်မှာ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုအချို့ရှိသော်လည်း
ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) ပြုလုပ်ရန်လိုအပ်သည့် လုပ်ငန်းအမျိုးအစားများထက် ဆိုးကျိုးသက်ရောက်မှု
လျော့နည်းကြောင်း သို့မဟုတ် သိသာထင်ရှားမှု မရှိကြောင်း ဝန်ကြီးဌာနက သတ်မှတ်သည့် စီမံကိန်းကို
ဆိုလိုပါသည်။ ဤတွင် ယေဘုယျအားဖြင့်
v
နယ်ပယ်အတိုင်းအတာနှင့်
အရွယ်အစား အကန့်အသတ်ရှိသည့် စီမံကိန်းများ
v
စီမံကိန်းကြောင့်
ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို အလွယ်တကူသိနိုင်ပြီး ထိုသက်ရောက်မှု အများစုသည်
ယာယီသာဖြစ်ပေါ်သော၊ စီမံကိန်းတည်ရှိရာ နေရာဒေသအတွင်းသာ ဖြစ်ပေါ်ပြီး ယင်းသက်ရောက်မှုများသည်
ပြန်လည်ပြောင်းလဲသွားနိုင်သော စီမံကိန်းများ
v
ပတ်ဝန်းကျင်အပေါ်
သက်ရောက်မှုများကို တိကျခိုင်မာသောနှင့် ရရှိနိုင်သော နည်းပညာများ၊ လက်တွေ့ဆောင်ရွက်မှုများဖြင့်
လျှော့ချခြင်းနှင့် စီမံခန့်ခွဲခြင်း ပြုနိုင်သော်လည်း သီးခြားထိန်းချုပ်ဆောင်ရွက်ခြင်းနှင့်
အခြားဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ဆန်းစစ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့
ပြုလုပ်သွားရမည့် စီမံကိန်းများ ပါဝင်ပါသည်။
ဒီစီမံကိန်းတွေကတော့ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း
ပြုလုပ်ရန်လိုအပ်သည့် စီမံကိန်းအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းတွေက ပတ်ဝန်းကျင်
ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) လုပ်ဆောင်ဖို့ လိုအပ်နေတာလား? ဒါမှမဟုတ် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE)ပဲ
လုပ်ဆောင်ဖို့ လိုအပ်နေတာလားဆိုတာကို အကြမ်းဖျင်းအနေနဲ့ လေ့လာတီးခေါက်မိမယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။
နောက်ရက်များမှာတော့ EIA/ IEE လုပ်ဆောင်ဖို့ သတ်မှတ်ထားတဲ့ လုပ်ငန်းအမျိုးအစားနဲ့ အရွယ်အစားများ
သတ်မှတ်ထားရှိပုံကိုလည်း ဝေမျှသွားမှာဖြစ်တဲ့အတွက် စောင့်မျှော် ဖတ်ရှု အားပေးကြပါဦးခင်ဗျာ။
မိမိတို့ ကုမ္ပဏီပြုလုပ်ခဲ့သောလုပ်ငန်းအတွေ့ကြုံများကြည့်ရှုလိုပါက - Click
#ဒို့နေထိုင်ရာ
ကမ္ဘာကြီး သန့်ရှင်းသာယာ လှပစေဖို့ရာ ဒို့အားလုံးရဲ့ တာဝန်ပါ။
ရည်ညွှန်းကိုးကား-
ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း
ရေးသားသူ - Daw Kay Thwe Aung {M.Sc (Environmental Technology) , B.E (Chemical Engineering )} UFA GOC
လူကြီးမင်းတို့အသေးစိတ်သိရှိလိုပါက -
Website - www.ufaebusiness-mm.com
Email - info@ufagroupofcompanies.com
Phone - (+95)994455900 , (+95)994455800 (Viber)
Office Address - ၆၉/၁၃၁ မဟာန္ဓုလလမ်းနှင့်စန္ဒကူးလမ်းထောင့် ဗိုလ်တထောင်မြို့၊ ရန်ကုန်။

Comments
Post a Comment